Friday, February 28, 2020

Redmi 5 Plus No power

Redmi 5 Plus No power
စက်ပြင်မှတ်တမ်း------

Service မိတ်ဆွေတစ်ယောက်က Redmi 5 Plus အသစ်စက်စက်လေးတစ်လုံး Power ဖွင့်မရလို့ စစ်ပေးပါအုံးဆိုပြီး ပေးအပ်လိုက်တာပါ။

စတင်စစ်ဆေးခြင်း

Battery ကို power supply နဲ့ 3.7V ပြည့်အောင် အားသွင်းလိုက်ပါတယ်။ အားပြည့်တော့ Battery နဲ့ power ဖွင့်ကြည့်တယ်။ မပွင့်။

Power supply နဲ့ ချိတ်ပြီး power ဖွင့်ကြည့်တယ်။ Ampere တုပ်တုပ်မှမလှုပ်။

power key ကို စစ်ဆေးကြည့်တယ်။ socket လည်း ကောင်းတယ်။ ခလုပ်လည်းကောင်းတယ်။ Key pinသို့လည်း 1.8V ရောက်ပါတယ်။

အားသွင်းကြိုးလေးထိုးကြည့်လိုက်တယ်။ အားဝင်ပုံလေးပြလာပါတယ်။

OK ပြစ်ချက်ကိုသိရပြီ။ ဒါဟာ power key အလုပ်မလုပ်လို့ဖြစ်တဲ့ ပြဿနာပါပဲ။

power ခလုပ်။ socket ဒါတွေ ကောင်းနေတယ်။ Connection လည်းပြတယ်။ Volt လည်းရောက်တယ်။ ဒါဆိုရင် ဖြစ်နိုင်တာက Key ရဲ့ လမ်းကြောင်းမှာရှိတဲ့ Components တွေနဲ့ Power key လမ်းကြောင်း ထုတ်ပေးတဲ့ IC ပဲ ပျက်စရာရှိတယ်။

Redmi 5 Plus မှာ power ic နှစ်လုံးသုံးထားတယ်။ power ic အသေး PMI8952 နှင့် power ic အကြီး PM8953 ပါ။ PM8953 က power ခလုပ်နဲ့ အနီးကပ်ဆုံးမှာ တည်ရှိနေပါတယ်။

ဒါကြောင့်ကျနော် PM8953:ကို အရင်စစ်ဆေးဖို့ သံဖုံးကို ခွါပါတယ်။ သံဖုံးခွါပြီးပြန်စမ်းတော့ power ခလုပ်နှိပ်ဖွင့်လိုက်တာနဲ့ power ပွင့်လာတယ်။ power ပွင့်လာပြီးတော့ power key က အဖွင့် အပိတ် အလုပ်မလုပ်တော့ပါဘူး။

အဲဒီတော့ PM8953 ကြောင့်လို့ ကျနော်ယူဆလိုက်ပါတယ်။ PM8953ကို ခွါချလိုက်တယ်။ ပြီးတော့ power key ကို Connection တိုင်းကြည့်တော့ Connection လည်းပြတယ်။ Battery တပ် Volt တိုင်းကြည့်တော့ Volt လည်းရောက်တယ်။ Power key မှာ မီတာထောက်ပြီး pm8953 ရဲ့ pinout တွေကို တစ်ပင်ချင်း အသံမြည်စကေးနဲ့ လိုက်တိုင်းတယ်။ တစ်ပင်မှ အသံမမြည်ဘူး။ (မှတ်ချက် --- ကြားထဲမှာ တန်းဆက် resistor or diode ခံထားရင်လည်း လမ်းကြောင်း တိုက်ရိုက်တိုင်းလို့မရပါ)

ဆိုတော့ power key ဟာ PM8953 က ထွက်တာ မဟုတ်ဘူးလို့ မှတ်ချက်ချလိုက်ပါတယ်။ အဲဒါနဲ့ IC ကို reball လုပ်ပြီး ပြန်ကပ်တယ်။ power မနိုးတော့ဘူး။ အသစ်တစ်လုံး လဲလိုက်တယ်ဗျာ။ power ဖွင့်ကြည့်လိုက်တော့ အကုန်ကောင်းနေတော့တာပဲ။

ဇာတ်လမ်းက ပြီးပြီပေါ့။

ဖုန်းရပြီဆိုပြီး ဖုန်းပိုင်ရှင်ကို ပေးလိုက်တယ်။ သူ့လက်ထဲရောက်ပြီး ညနေပိုင်းရောက်တော့-----

"အစ်ကို ဖုန်းက Power ဖွင့်လို့တော့ရတယ်။ သုံးလို့လည်း အဆင်ပြေတယ်။ power ဖွင့်ပြီးရင် power key က on/off အလုပ်မလုပ်တော့ဘူး" တဲ့။

ဖုန်းက ဆိုင်ပြန်ရောက်လာတော့ PMI8952 ကို reball လောင်း ပြန်ကပ်လိုက်တာ။ အကုန်ကောင်းသွားပြန်ရော။ PMI8952 ကို ဖြုတ်ထားချိန်မှာ power key ကို connection တိုင်းတော့ Connection ပြတယ်ဗျ။ Volt တိုင်းကြည့်တော့ Volt မရောက်တော့ဘူး။ ဒါဆိုရင် power key အတွက် 1.8V ဟာ PMI8952က ထွက်လာတာပဲပေါ့။ Diagram မရှိတော့ လိုက်တိုင်းရတာပေါ့။

ကောင်းသွားတော့ ရပြီဆိုပြီး ပြန်ပေးလိုက်တယ်ဗျာ။ သူ့ဆီရောက်လို့ တစ်ရက်ပဲကြာတယ်။ အဲလိုပြန်ဖြစ်လို့တဲ့ ပြန်ရောက်လာပြန်ရော။

လခွန်းးးးး

အဲဒါနဲ့ power key လမ်းကြောင်းမှာ ဘာရှိလဲဆိုတာ သိရအောင် မီတာနဲ့ လိုက်ရှာကြည့်မိတယ်။ လမ်းကြောင်းတွေ့တယ်။ PMI8952 က ထွက်ထားတယ်။

မထူးပါဘူး အသစ်လဲလိုက်ပါမယ်ဆိုပြီး power ic သွားဝယ်တယ်။ PM8952 နှင့် မှားပြီး ဝယ်လာမိတယ်။  ဆိုင်ရောက်တိုက်ကြည့်တော့ PMI8952 ကြီး။

လခွန်းးးးးးးးးးး

PMI8952 နဲ့ ပြန်လဲလို့ရမလားလို့ သွားမေးကြည့်တော့ POWER IC ဆို ပြန်လဲမပေးဘူးတဲ့။

အဟီးးဟီးးးး ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲပေါ့။ မတတ်နိုင်ဘူး။ PMI8952 တစ်လုံးထပ်ဝယ်လိုက်တယ်။ Reball ပြန်လုပ်။ Change လိုက်တော့-------- Done စေသတည်းးးးး

Credit By Khit Lu

Thursday, February 27, 2020

Hardware Beginer ဖတ်စာ (၂)


Technology Knowledge

Mobile phone ရဲ့ Hardware ပိုင်းကို Service ပေးမယ့် Technician တစ်ယောက်ဟာ ပထမဆုံးလေ့လာရမှာက Mobile phone Hardware နဲ့ ပတ်သက်တဲ့ အသိပညာပိုင်းပဲဖြစ်ပါတယ်။

ဒီတော့ Phone Hardware ဆိုတာဘာလဲ။

လွယ်အောင်ပြောရရင် ဖုန်းတစ်လုံးရဲ့ ဆောင်ကြဉ်းပေးရမယ့် လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ပေးနိုင်ဖို့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကိုယ်တွယ်ဖြုတ်တတ် ပြုလုပ်နိုင်တဲ့ စက်ပစ္စည်းတွေဟာ Hardware ပါပဲ။

ဖုန်းတစ်လုံးရဲ့ Hardware ပိုင်းမှာ ပါဝင်တဲ့ စက်ပစ္စည်းတွေက ဘာတွေလဲ။

ဖုန်းတစ်လုံးရဲ့ အပြင်ပိုင်း Body /cover / Touch က စလို့ အတွင်းပိုင်း Battery နှင့် Circuit ပြားတစ်ခုလုံးမှာရှိတဲ့ Surface mount device / Components အဆုံး အားလုံးဟာ Hardward ပိုင်းပါပဲ။

ဒီတော့ Knowledge ပိုင်းမှာ အခြေခံအားဖြင့် ဖုန်းတစ်လုံးရဲ့ Hardware ပိုင်း အခေါ်အဝေါ်တွေကို သိအောင် လုပ်ရပါမယ်။

ဥပမာ

Touch / LCD / USB / Speaker / Earpiece / Camera / Sensor / fornt Camera / Power - Volume - Back - Menu - Home Keys / Ear port စတဲ့ ဖုန်းတစ်လုံးရဲ့ အပြင်ကမြင်ရတဲ့ အခေါ်အဝေါ်တွေက စလို့ အတွင်းပိုင်းက Battery / Circuit နှင့် Componet များစွာတွေပေါ့။

ပြီးရင်တော့ -- အဲဒီ ပစ္စည်းတွေတစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကဘာလဲ သိဖို့လိုပါတယ်။

ပြီးရင် -- အဲဒီပစ္စည်းတွေဟာ ဘယ်လိုပျက်စီးတတ်သလဲ။ ပျက်စီးရင် ချွတ်ယွင်းရင် ဘယ်လို Error တက်သလဲ။

ပြီးရင် တက်လာတဲ့ Error ကို ဘယ်လို ရှင်းမလဲ။

ပြီးရင် Phone မှာ Hardware Error တစ်ခု ဖြစ်လာခြင်းဟာ ဘယ် Hardware ပစ္စည်းကြောင့်လဲ။

Heat gun အသုံးပြုပုံ
ခဲ Gun အသုံးပြုပုံ
Power Supply အသုံးပြုပုံ
Meter အသုံးပြုပုံ
တစ်ခြားသော Tool တွေ အသုံးပြုပုံ

ဒါတွေအကုန်လုံးဟာ အသိပညာပိုင်းမှာ ပါဝင်တဲ့ အရာတွေ ဖြစ်ပါတယ်။

ဆက်ပါအုံးမည်----------
Credit By Khit Lu

Hardware Beginner ဖတ်စာ (၁)



မိုဘိုင်းဖုန်း Hardware ပိုင်း error တွေကို ပြုပြင်မယ့် Technician တစ်ယောက်မှာ အခြေခံရှိသင့်တဲ့ အရည်အချင်းလေးတွေကို ပြောပြချင်ပါတယ်-----

1- Technology knowledge
နည်းပညာပိုင်း ဗဟုသုတ တစ်နည်းအားဖြင့် အသိပညာ။

2- Repairing or fixing skill
အဖြုတ်အတတ် ကျွမ်းကျင်မှု တစ်နည်းအားဖြင့် အတတ်ပညာ

3- Thinking skill
တွေးခေါ်သုံးသပ်မှုစွမ်းရည် တစ်နည်းအားဖြင့် ကြံဖန်နိုင်ခြင်းပညာ

4- Having experience
အတွေ့အကြုံရှိခြင်း တစ်နည်းအားဖြင့် သဘာရင့် အထာသိပညာ

ဒီလေးခုကို အခြေခံအားဖြင့် အရည်အချင်းပြည့်ဝအောင် ဆည်းပူးလေ့လာ လေ့ကျင့်ဖို့လိုပါတယ်။

တစ်ခုချင်းစီကို နောက် Post တွေမှာ အကျယ်ရေးသားပေးပါမယ်။ စာများရင် မဖတ်ချင်မှာစိုးလို့ပါ----

Credit By Khit Lu