Thursday, February 27, 2020

Hardware Beginer ဖတ်စာ (၂)


Technology Knowledge

Mobile phone ရဲ့ Hardware ပိုင်းကို Service ပေးမယ့် Technician တစ်ယောက်ဟာ ပထမဆုံးလေ့လာရမှာက Mobile phone Hardware နဲ့ ပတ်သက်တဲ့ အသိပညာပိုင်းပဲဖြစ်ပါတယ်။

ဒီတော့ Phone Hardware ဆိုတာဘာလဲ။

လွယ်အောင်ပြောရရင် ဖုန်းတစ်လုံးရဲ့ ဆောင်ကြဉ်းပေးရမယ့် လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ပေးနိုင်ဖို့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကိုယ်တွယ်ဖြုတ်တတ် ပြုလုပ်နိုင်တဲ့ စက်ပစ္စည်းတွေဟာ Hardware ပါပဲ။

ဖုန်းတစ်လုံးရဲ့ Hardware ပိုင်းမှာ ပါဝင်တဲ့ စက်ပစ္စည်းတွေက ဘာတွေလဲ။

ဖုန်းတစ်လုံးရဲ့ အပြင်ပိုင်း Body /cover / Touch က စလို့ အတွင်းပိုင်း Battery နှင့် Circuit ပြားတစ်ခုလုံးမှာရှိတဲ့ Surface mount device / Components အဆုံး အားလုံးဟာ Hardward ပိုင်းပါပဲ။

ဒီတော့ Knowledge ပိုင်းမှာ အခြေခံအားဖြင့် ဖုန်းတစ်လုံးရဲ့ Hardware ပိုင်း အခေါ်အဝေါ်တွေကို သိအောင် လုပ်ရပါမယ်။

ဥပမာ

Touch / LCD / USB / Speaker / Earpiece / Camera / Sensor / fornt Camera / Power - Volume - Back - Menu - Home Keys / Ear port စတဲ့ ဖုန်းတစ်လုံးရဲ့ အပြင်ကမြင်ရတဲ့ အခေါ်အဝေါ်တွေက စလို့ အတွင်းပိုင်းက Battery / Circuit နှင့် Componet များစွာတွေပေါ့။

ပြီးရင်တော့ -- အဲဒီ ပစ္စည်းတွေတစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကဘာလဲ သိဖို့လိုပါတယ်။

ပြီးရင် -- အဲဒီပစ္စည်းတွေဟာ ဘယ်လိုပျက်စီးတတ်သလဲ။ ပျက်စီးရင် ချွတ်ယွင်းရင် ဘယ်လို Error တက်သလဲ။

ပြီးရင် တက်လာတဲ့ Error ကို ဘယ်လို ရှင်းမလဲ။

ပြီးရင် Phone မှာ Hardware Error တစ်ခု ဖြစ်လာခြင်းဟာ ဘယ် Hardware ပစ္စည်းကြောင့်လဲ။

Heat gun အသုံးပြုပုံ
ခဲ Gun အသုံးပြုပုံ
Power Supply အသုံးပြုပုံ
Meter အသုံးပြုပုံ
တစ်ခြားသော Tool တွေ အသုံးပြုပုံ

ဒါတွေအကုန်လုံးဟာ အသိပညာပိုင်းမှာ ပါဝင်တဲ့ အရာတွေ ဖြစ်ပါတယ်။

ဆက်ပါအုံးမည်----------
Credit By Khit Lu

No comments:

Post a Comment